Beginners' Power BI Online Course

所在平台: Udemy

课程主页: https://www.udemy.com/course/beginners-power-bi-online-course/

课程评论:没有评论

第一个写评论        关注课程

课程简介

【Coursera】Power BI 入门课程 本课程旨在帮助您摆脱在工作中更新报告所花费的大量时间,并通过Power BI更有效地进行数据分析。通过学习Power BI,您可以节省大量宝贵的时间,从而提高日常工作效率。随着Power BI在各行各业的普及,本入门课程将帮助您快速掌握这项技能。 **课程特色:** * **终身访问权限:** 随时灵活学习,并在需要时回顾。 * **循序渐进:** 从基础知识到专业的Power BI仪表板构建,包含大量练习。 **课程结构(共8个模块):** 1. **学习技巧与软件安装:** 学习方法、Power BI Desktop软件下载及安装指南。 2. **查询编辑器 (Query Editor):** 连接Excel文件和包含Excel文件的文件夹。 3. **公式与度量值 (Measures) 及数据模型:** 学习Power BI中的计算公式(Measures),这是进行分析的关键。此外,还将学习数据模型(关系)以连接和分析不同数据。 4. **可视化 (Visualization):** 学习如何使用各种图表和交互功能有效地传达数据分析结果,从中快速获得业务洞察。 5. **克服学习挑战:** 结合2000多名学员的经验,学习和解决Power BI初学者和使用者可能遇到的常见问题。 6. **项目实战:** 通过新数据集,从查询编辑器到最终的交互式仪表板,检验您的理解和应用能力。 7. **技能提升:** 提供初级Power BI演示视频及配套练习文件,帮助您巩固技能。 8. **实际工作场景应用:** 收集学员实际工作中遇到的问题,提供相应的解决方案视频,帮助您在不同行业场景下应用Power BI。 立即开始学习,提升您的数据分析能力!

课程评论(0条)

课程详情

အလုပ်ခွင်မှာ Report တွေ Update ရဖို့အတွက် ပေးရတဲ့အချိန်တွေက အရမ်းနှမြောစရာ ကောင်းပါတယ်။ဒီလို နှမြောစရာအချိန်တွေ မကုန်ရအောင်၊ Analyze လုပ်ရတဲ့အခါလည်းအများကြီးပိုပြီးအထောက်အကူရအောင် Power BI ကို အခုပဲ စတင်လေ့လာလိုက်ရအောင်။Power BI ကို လေ့လာတတ်မြောက်ခြင်းဖြင့် မိမိရဲ့ အရင်လို Excel နဲ့ ကုန်ခဲ့ရတဲ့အချိန်တွေ ( ကိုယ်ပိုင်အချိန်တွေပါဖဲ့ပေးနေရတဲ့အထိ ကုန်ရတဲ့အချိန်တွေ ) အများကြီး သက်သာစေနိုင်တဲ့အတွက် နေ့စဉ် လုပ်ငန်းခွင်မှာ Productivity တက်အောင်လည်း အထောက်အကူ ပြုပါလိမ့်မယ်။ဒါ့အပြင် လုပ်ငန်းခွင်တိုင်း အားလုံး တဖြည်းဖြည်း အသုံးပြုလာပြီဖြစ်တဲ့ Power BI ကို မိမိအနေနဲ့လည်း စတင်လေ့လာမယ်ဆို Beginners' Power BI Online Course မှာ အခုပဲ နဲ့ Join လို့ရနေပါပြီ။( Course တွေ က Lifetime Access ဖြစ်တဲ့အတွက် ကိုယ် အဆင်ပြေတဲ့အချိန်မှာ လေ့လာနိုင်သလို အလုပ်ခွင် မှာ လိုအပ်တဲ့အချိန်တိုင်း Review ပြန်လုပ်ဖို့လည်း အဆင်ပြေ‌ပြန် ပါတယ်။ )Course ရဲ့ ဖွဲ့စည်း တည်ဆောက်မှုများကြောင့် အခြေခံကစပြီး Professional ကျတဲ့ Power BI Dashboard များကို ကိုယ်တိုင်ကိုယ်ကျ ကိုယ့် Own Creation နဲ့ တည်ဆောက်နိုင်သည်အထိ လေ့လာနိုင်အောင် Exercises ပေါင်း မြောက်များစွာနဲ့ ဖွဲ့စည်းထားပါတယ်။Course မှာ Modules အနေနဲ့ ၈ ပိုင်း ရှိပါတယ်။Section 1 မှာတော့ Study Tips တွေရယ် Power BI Desktop Software Download လုပ်နိုင်မယ့် Link နဲ့အတူ Install လုပ်တဲ့နည်းလမ်းများ လေ့လာနိုင်မှာပါ။Section 2 က Query Editor အပိုင်းပါ။ Excel Files တွေ၊ Excel တွေ ပေါင်းထည့်ထားတဲ့ Folder တွေကို Power BI နဲ့ ဘယ်လို ချိတ်ဆက်နိုင်မလဲ ကို လေ့လာနိုငိမှာပါ။သူရဲ့ကောင်းကျိုးတွေကတော့ နောက်ပိုင်း Insightful ဖြစ်တဲ့ Interactive Power BI Report ကို ပထမဆုံးတခါ တည်ဆောက်ပြီးတာနဲ့ နောက်လစဉ် Data Update လုပ်ရပြီဆိုရင် Refresh ဆိုတဲ့ button လေးကို တချက် Click လုပ်လိုက်ရုံပါပဲ။ Report တွေ က Auto Update ဖြစ်သွားမှာပါ။(Excel Report ဖန်တီးရသူတွေ၊ update လုပ်ပေးရသူတွေ အတွက် အလွန် သက်သာပြီး တန်ဖိုးရှိပါတယ်။)Section 3 မှာ Excel အခေါ်မှာတော့ Formula, Power BI မှာတော့ Measures ကို လေ့လာနိုင်မှာပါ။ Power BI ရဲ့ အဓိက က Analysis Tool ပါ။ Analysis လုပ်ဖို့အတွက် Measures တွေက အလွန်အရေးကြီးပါတယ်။နောက်ပြီး data တွေ တခုနဲ့တခု ချိတ်ဆက် Analysis လုပ်နိုင်ဖို့ လည်း Data Model ( Relationship ) တွေကို လေ့လာနိုင်မှာပါ။Section 4 ကတော့ Visualization အပိုင်းပါ။ မည်သို့ပင် Report အတွက် အချိန်ဘယ်လောက်ပေးရပေးရ၊ Analysis တွေ ဘယ်လောက်ပဲ လုပ်ထားလုပ်ထား ကိုယ့်ရဲ့ data တွေကို Communicate လုပ်နိုင်ဖို့လည်း အလွန်အရေးကြီးပါတယ်။Power BI မှာ Interactive Features ပါတဲ့အတွက် Visualization Chart တစ်ခုနဲ့တစ်ခု ကို Interact ဖြစ်ပြီး Business Insights တွေ လွယ်လွယ်ကူကူ/မြန်မြန်ဆန်ဆန် တွေ့မြင်နိုင်ပါတယ်။( Boss/CEO/Director/Manager/Senior Executive များအတွက် အလွန်ပင်အရေးကြီးပြီး အထောက်အကူ ဖြစ်စေမှာပါ။)Section 5 ကတော့ ကျွန်မရဲ့ Members ပေါင်း ၂၀၀၀ ကျော် ကို သင်ကြားပေးပြီးတဲ့အခါ ရရှိလာခဲ့တဲ့ အတွေ့အကြုံကနေ အားလုံးပဲ Power BI ကို စတင်လေ့လာတဲ့အခါ သို့မဟုတ် စတင် အသုံးပြုတဲ့အခါ တွေ့ကြုံတတ်တဲ့ အခက်အခဲများကို ဘယ်လို ကျော်လွှားနိုင်မလဲ ကို လေ့လာသွားမှာပါ ဖြစ်ပါတယ်။( ဒီလို တွေ့တဲ့ အခက်အခဲများကို ကြိုတင် လေ့လာခြင်းဖြင့် မိမိရဲ့ Power BI ကို သေချာတတ်မြောက်နိုင်မှု အချိန်တွေကို အများကြီး သက်သာစေမှာ ဖြစ်ပါတယ်။ )Section 6 Project မှာ datasets အသစ်ရှိပြီး ကိုယ့်ရဲ့နားလည်နိုင်စွမ်းကို ပြန်လည် စမ်းစစ်လို့ရအောင် Query Editor ကနေ နောက်ဆုံး Interactive Dashboard ထွက်သည်အထိ ဖန်တီးရမှာပါ။ Section 7 မိမိရဲ့ Power BI Skill ကို ဆက်လက် မြှင့်တင့်ကြမယ် - ဆက်လက်ပြီး Knowledge Expansion အနေနဲ့ Beginners' Level Power BI Demonstration Video တွေကို ကိုယ်အနေနဲ့လည်း ပိုင်ပိုင်နိုင်နိုင် လေ့ကျင့်လေ့လာလို့ရအောင် Exercise Files တွေ စုစည်းထားတဲ့ Unit ပါ။Section 8 တကယ့် လက်တွေ့ လုပ်ငန်းခွင် အခြေအနေ တွေ နဲ့ Power BI အသုံးပြုပုံများ - ကျွန်မရဲ့ Members များကနေ သူတို့ အလုပ်ခွင်မှာ တကယ့် လက်တွေ့ Apply လုပ်တဲ့အခါ သက်ဆိုင်ရာ လုပ်ငန်းခွင်အလိုက် ကြုံတွေ့ရတတ်တဲ့အခက်အခဲများကို စစ်တမ်းကောက်ထားပြီး ပြန်လည် Solution ပေးထားတဲ့ Solution Videos များကို စုစည်းဖန်တီးထားတဲ့ Unit ပါ။လေ့လာရမှာတွေ အများကြီးပါ။ အခုပဲ စပြီး လေ့လာလိုက်ရအောင်။

课程标签

0人关注该课程

主题相关的课程